KETO is like marriage. It doesn't work if you CHEAT...!!
ဝင်ငွေ အခက်အခဲရှိတဲ့သူတွေကို ရည်ရွယ်ပါတယ်။ ဒီ Plan မှာ အစားကို အတိုင်းအဆမရှိ ပေးစားပါတယ်။ Ketosis ဖြစ်ရင် တဖြည်းဖြည်း အစားနဲသွားလိမ့်မယ်။ မစားရမဲ့ အစာတွေ ပြောမယ် ..... - ဆန်၊ ဂျုံ၊ ပြောင်း၊ အားလူး၊ နဲ့ ၎င်းနှင့် ဆက်စပ်ပစ္စည်း မရဘူး။ - ပဲမျိုးစုံ ပေးမစားဘူး။ - ဘယ်သစ်သီးမှ မရဘူး။ (တချို့အသီးတွေရပေမဲ့မစားစေချင်ပါ။) - ဘယ် ဟင်းခတ် အရသာမှ မရဘူး။ - မြေပေါ် တစ်ထွာ၊ မြေအောက် တစ်ထွာ သစ်ဥ၊ သစ်ဖု ဘာမှ မရဘူး။ ( တချို့ အနည်းငယ်ရပါတယ်။) - ခရမ်းချဥ်၊ ကြက်သွန်ဖြူ/နီ တစ်နေ့လုံး အလုံး တစ်ဝက်ရမယ်။ - အုန်းရည်မရပါ၊ အုန်းသီးအနည်းငယ်ရပေမဲ့ မစားပါနဲ့။ - နွားနို့မရပါ။ ဒိန်ချဉ် မသောက်စေချင်ပါ။ - ဝဥ ဝိတ်တန့်လို့ ပေးမစားပါ။ ဘာတေစားလို့ရလဲ ..... - အသား အားလုံး အကုန်စားပါ။ - ငါးအားလုံး အကုန်စားပါ။ - ပင်လယ်စာအားလုံး အကုန်စားပါ။ - အရွက်အားလုံး အကုန်စားပါ။ - Cheese အားလုံးစားပါ။ - ထောပတ်အားလုံးစားပါ။ - အစေ့အဆံ အားလုံးစားပါ။ (အရသာ မပါရ) - ဥ အားလုံးစားပါ။ စားရတာ/ မစားရတာတွေ သိပြီဆိုတော့ စားပုံ စားနည်းလေးပြောပြမယ်။ Plate Method နဲ့စားစေချင်တယ်။ Plate Method (4/4 )ဆိုတာ ..... ပန်းကန်တစ်ချပ်ကို စိတ်မှန်းနဲ့ 4 ပိုင်း ပိုင်းလိုက်ပါ။ - တစ်ပိုင်းကို အသား - တစ်ပိုင်းကို အသီးအရွက် - တစ်ပိုင်းကို ဥ - တစ်ပိုင်းကို အဆီ အဲ့လိုမျိုး ညီညီမျှမျှ စားစေချင်ပါတယ်။ Keto ရဲ့ 70:25:5 အချိုးနဲ့ ကိုက်ချင်ရင်တော့ Trainer နဲ့ သေချာ တွက်ချက်ပြီး Gram ချိန်အတိုင်းစားတာပိုကောင်းပါတယ်။ အစားတွေ ပြီးပြီဆိုတော တစ်နေတာ ရေ ဘယ်လောက်သောက်ရမလဲ ဆိုတာ ပြောပါမယ်။ Keto မှာ စားဖို့ ဆီက အရေးကြီးတဲ့ အထဲပါတယ်။ ဘာဆီသုံးရမလဲ ..... လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ - - မြေပဲဆီ - နှမ်းဆီ သုံးပါ။ တစ်နေတာ ရေသောက်ဖို့ .... ကိုယ်လေးချိန် ပေါင်(lb) X 15 = ..... မီလီလီတာ (ml) ရေ ပြည့်အောင်သောက်ရပါမယ်။ နောက်တစ်ခုက အစာစားချိန်ပါ။ အစားကို အချိန်မှန်မှန်စားဖို့ လိုပါတယ်။ ဘယ်အချိန်တွေ အစားစားရမလဲ ..... Breakfast 7:00 am - 8:00 am Lunch 11:00 am -12:00 am Dinner 4:00 pm - 5:00 pm နောက်ဆုံးတစ်ခု အိပ်ချိန်၊ အိပ်ချိန်ကလဲ ဝိတ်ချတဲ့ အခါမှ အရေးကြီးတဲ့ ကိစ္စ တစ်ရပ်ပါ။ ဘယ်လောက် အိပ်သင့်လဲ ..... ဝိတ်ချတဲ့သူ အိပ်ချိန် ၈ နာရီ ရှိကို ရှိရမယ်။ ကဲ ..... ဒါဆို ဘာတွေ မစားရဘူး၊ စားရမယ်ဆိုတာ သီပြီ၊ အစာစားနည်းပုံစံတွေလဲ သိပြီ၊ အစာစားချိန်တွေလဲ သိပြီ၊ ရေ ဘယ်လောက် သောက်ရမယ်ဆိုတာလဲ သိပြီ၊ ဘယ်လောက် အိပ်ပြီး အနားယူရမလဲ ဆိုတာလဲ သိပြီ ...အဲ့ဒိတော့ စပြီး ဝိတ်ချဖို့ဘဲ လိုတော့တယ်။ စိတ်နိုင်နိုင်နဲ့ ကြိုးစားကြပါ။ Keto Trainer အားလုံး ဒီပုံအတိုင်းဘဲသွားတယ်။ မတူတာက တွက်နည်းတွေပါ။ Keto နဲ့ ပတ်သက်ပြီး တွက်နည်း 14 ခုရှိပါတယ်။ သိတဲ့သူ မရှိသလောက်ပါ။ ပေါင်ချိန်လောက်ပဲ တောင်းပြီး တွက်တာတော့ တိကျတဲ့ အဖြေ ရမှာ မဟုတ်ပါဘူး။ ပေါင်ချိန်တူတယ် အပေါ်ပိုင်းကြီးတဲ့သူနဲ့/ ဗိုက်ပူတဲ့သူနဲ့/ အောက်ပိုင်းကြီးတဲ့သူ တွက်နည်းတူပါ့မလား စဉ်းစားကြည့်ပေါ့။ ကိုယ်တိုင်းတွေ၊ ဓါတ်ပုံတွေ အတိအကျ လိုအပ်ပါတယ်။
ဝင်ငွေ အခက်အခဲရှိတဲ့သူတွေကို ရည်ရွယ်ပါတယ်။ ဒီ Plan မှာ အစားကို အတိုင်းအဆမရှိ ပေးစားပါတယ်။ Ketosis ဖြစ်ရင် တဖြည်းဖြRead more..
လူ့ခန္ဓာကိုယ်မှာ ရေ 70% နဲ့ ပါတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဦးနှောက်မှာ ရေ 70%၊ နှလုံးကို ရေ 83% အရိုးနဲ့အရွRead more..
Keto စားပြီး Target မရောက်ခင် ထွက်ကြတယ်။ ပြန်စားရင် ဝိတ်ပြန်တက်တယ်။ Target တော့ရောက်တယ် ပုံမှန်အတိုင်းစားလိုက်တော့ ဝိRead more..
Keto အတွက် ဘာတွေ လိုအပ်လဲ ..... - Gram ချိန်စက် - ပေါင်ချိန်စက် (Digital) ကောင်းတာ ဝယ်ပါ။ - Keto ဆီးစစ်တံ (မလိုအပ်ရင် မဝယ်ပါနဲ့) -Read more..